မူလစာမျက်နှာ

Sunday, September 23, 2012

ခေတ်စားလာသော Gtalk Virus များ

ကဲ ... အခုတလော Gtalk မှာခေတ်စားနေတဲ့ Virus တွေအကြောင်းပြောရဦးမယ်ဗျို့
လူတွေက စူးစမ်းလိုစိတ် ( စပ်စုလိုစိတ် ) ရှိတဲ့အတွက် ခံရတာများပါတယ် ။ :D
ကဲ .. အခုတလော တွေ့နေရတဲ့ပုံစံလေးတွေပေါ့ဗျာ ။
ပထမတစ်ခုကို အရင်ပြပါမယ် ။


1 . asl please
I am 23 Female, Delhi (India)
and you?

2 . Now search your google in a HYBRID\DYNAMIC way - http://h1.ripway.com/mygoogle0/index.html
3 .  View my private cam via secured connection - http://h1.ripway.com/db0/privateCam.exe


ကဲ ဒီဟာက သိတဲ့လူဆို Virus ကြီးမှန်းအသိသာကြီးပါ
အဲဒီရှေ့က URL ကိုကြည့်လိုက်ပါ ။ Ripway ဆိုဒ်မှာတင်ထားတာကြီးပါ ။
Ripway က HTML တွေ Script တွေကို Direct တင်လို့ရတဲ့ hosting ဆိုဒ်တခုပါ ။
Hacker ပေါက်စလေးတွေ phishing လုပ်ချင်ရင် အဲမှာအမြဲတင်ကြတယ်လေ ။
ဒီတော့ ဒါက Virus ဆိုတာအသိသာကြီးပါ ... ဒီနေရာမှာ တခြားလင့်လဲဖြစ်နိုင်တယ်နော်
သူက ဒီတနေရာမှပဲတင်မယ်ဘူပြောလဲ ဟုတ်တယ်ဟုတ်

ကဲကဲ .. ပြောနေတာဘယ်တောင်ရောက်သွားလဲမသိ .. အော် ...
သွားတော့ မနှိပ်နဲ့ပေါ့ ..


နောက်တစ်မျိုးကကျတော့ ..
ကိုယ်ရဲ့ Gtalk ထဲက သူငယ်ချင်းပဲ ကိုယ်စီ Message လာပါတယ် ။
ဒီပုံက မင်းနဲ့ဆိုင်တယ်တို့ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ...
ပြီးရင် လင့်တစ်ခုပါ ... တကယ်တော့ သူပို့ထားတာလဲမဟုတ်ပါဘူး
သူထိထားလို့ သူထဲက သူငယ်ချင်းတွေအကုန်လုံးကို ဒီလိုပဲ Virus ကဖြန့်နေတာပါ
အဲဒီလင့်က ဓါတ်ပုံရဲ့လင့်လိုလိုနဲ့  Extension က .jpeg နဲ့ ဆုံးနေပါလိမ့်မယ် ။
အော် ဒါတော့ ဗိုင်းရပ်စ် မဟုတ်လောက်တော့ဘူးဆိုပြီး နှိပ်မိလို့ကတော့ သေပါပြီ ။

အော် နောက်တခုကျန်သေးတယ် ဒါကတော့ သူများတွေပြေနေကြတာပါ ၊
rabbitphyu ( wint : (life is beauty ) ဆိုတဲ့ Mail ၀င်လာရင် လုံးဝမကြည့်ကြပါနဲ့တဲ့
Delete လိုက်ပါတဲ့ ၊ သင့်ရဲ့ Gmail Password ပါသွားမယ်တဲ့ဗျာ ။
rabbitphyu@gmail  ဆိုလို့ ဆော်လေးသွားမထင်နဲ့ဦးနော် .. ဟိဟိ

ဒီတော့ ဘာလင့်တွေ့တွေ့မနှိပ်မိကြပါစေနှင့် ...
ကိုယ်ရဲ့အမျိုးပေးရင်တောင် သေသေချာချာကြည့်ပါ ။
ဖြစ်နိုင်ရင် Link Scanner လို Anivirus Software သုံးပြီးလင့်ကိုစစ်ကြည့်ပါ ။
အားလုံးပဲ Virus ရန်မှကင်းဝေးကြပါစေ  :)

No comments:

Post a Comment